Ad Code

Ed Sheeran ၏ Shape Of You သီချင်းသည် Copyright ကူးချသည်ဆိုသည့် တိုင်ကြားမှု တရုားရုံးမှ မမှန်ကြောင်း ပယ်ချ

 Ed Sheeran ၏ Shape Of You သီချင်းသည် Copyright ကူးချသည်ဆိုသည့် တိုင်ကြားမှု တရုားရုံးမှ မမှန်ကြောင်း ပယ်ချ



ဥရောပနိုင်ငံတကာအဆိုတော်တစ်ဦး ဖြစ်တဲ့ Ed Sheeran ကို လူတိုင်း သိကြမယ်ထင်ပါတယ်ဗျာ.... သီချင်းတစ်ပုဒ်စီထွက်တိုင်းမှာ သီချင်းအပေါ် ခံစားသက်ဝင်စွာ သီဆိုနိုင်ပြီး အများနှင့်မတူ တမူထူးခြားတဲ့ အသံပိုင်ရှင်ဆိုလည်း မမှားလောက်ပေ။ 

Ed Sheeran သည် Photograph, Perfect, Shape Of You, Happier စသည်သီချင်းပေါင်းမြောက်များစွာတို့ဖြင့် ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာဖြင့် အောင်မြင်ခဲ့သည့် အဆိုတော်တစ်ဦးပင် ဖြစ်ပေသည်။

ယခုလည်း Ed Sheeran တစ်ယောက် Shape Of You သီချင်းသည် Sami Switch ၏ Oh Why သီချင်းကို ကူးယူသီဆိုသည်ဟုသော အမှုတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ 

“Shape of You” သည် Billboard Hot 100 တွင် 12 ပတ်ကြာ ဖြတ်သန်းခဲ့ပြီး အအောင်မြင်ဆုံး သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ရာ ယခုရင်ဆိုင်နေရသည့် အမှုတွင် Sheeran သည် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မသိစိတ်ဖြင့် ကူးယူထားသည့် အထောက်အထားမရှိကြောင်း တရားသူကြီး Antony Zacaroli မှ ဆုံးဖြတ်အတည်ပြုခဲ့သည်။ သီချင်းနှစ်ပုဒ်ကြားက "တူညီမှုတွေရှိတယ်" ဆိုပေမယ့် "သိသိသာသာကွဲလွဲမှုတွေလည်းရှိပါတယ်" ဟု တရားသူကြီးမှ ထပ်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ထို့ကြောင့် Ed Sheeran ၏ Shape Of You သီချင်းသည် Sami Switch ၏ Oh Why သီချင်းကို ကူးယူသီဆိုသည့်ဟု တိုင်ကြားမှု အမှုမှာ မမှန်ကန်ကြောင်း တရားရုံးမှ အတည်ပြုပြောဆိုခဲ့ပါသည်။

ယခုလို မမှန်ကန် တိုင်ကြားမှုနှင့် ပတ်သက်၍ Ed Sheeran ၏ တွဲဖက်စာရေးဆရာ Johnny McDaidမှလည်း အဆိုပါအမှုသည် ကျွန်ုပ်တို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တိုင်ကြားမှုဖြစ်ပြီး မမှန်ကန်သော အမှုအတွက် ပြန်လည်တရားစွဲရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။

Post a Comment

0 Comments