Ad Code

စိတ်ဖောက်ပြီး စွန့်ပစ်ခဲ့တဲ့ကလေးကို ခိုင်နှင်းဝေကလေးဂေဟာမှ ပြုစုထားကာမှ ပြန်လိုချင်သူ

စိတ်ဖောက်ပြီး စွန့်ပစ်ခဲ့တဲ့ကလေးကို ခိုင်နှင်းဝေကလေးဂေဟာမှ ပြုစုထားကာမှ ပြန်လိုချင်သူ


မိခင်ဖြစ်သူ မချိုချိုဝင်းမှ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် စိတ်ဇဝေဇဝါးဖြစ်ကာ မွေးထားသည့် ကလေးကို

လူကွယ်ရာလမ်းတစ်နေရာအရောက်တွင် ကားပေါ်မှ လာရောက်ပစ်ချသွားခဲ့သည်။ 

banner



banner

လာရောက်ပစ်ချခဲ့သည်ကို မြင်သော ဆိုက်ကားပေါ်မှ အန်တီတစ်ယောက်မှ ဟိုမှာ ကလေးကို ပစ်ချပြီး ကားနှင့် ထွက်ပြေးသွားသည်ဆိုကာ ကလေးကို မမြင်ရက် မကြည့်ရက်မို့  သရုပ်ဆောင် ခိုင်နှင်းဝေကလေးဂေဟာသို့ လာရောက်ပို့ဆောင်ထားတာဖြစ်ကြောင်း သရုပ်ဆောင် ခိုင်နှင်းဝေမှ သတင်းမီဒီယာများထံ ရှင်းပြခဲ့သည်။


banner

မိခင်ဖြစ်သူမှာလည်း ရက်ပိုင်းလေးအတွင်း ကလေးကို ခိုင်နှင်းဝေကလေးဂေဟာပြုစုစောင့်ရှောက်ထားမှန်း သိကာမှ လာရောက်ပြန်ယူလိုကြောင်း တောင်းဆိုခဲ့သည်။ 


banner

သို့ သော် သရုပ်ဆောင် ခိုင်နှင်းဝေမှ ကလေးမှာ အသက်ဆုံးလုနီးနီးဖြစ်ခဲ့ပြီး တပါးသူ၏ သွေးသွင်းမှ အသက်ခက်ခက်ခဲခဲပြန်ရှင်လာတာဖြစ်တာကြောင့် လွယ်လွယ်နှင့်​ သူများလက်ထဲ ပြန်မထည့်နိုင်၊ ကလေးပိုင်ရှင်သေချာသည်ဆိုမှ ဒါ့အပြင် ကလေးကို ပြန်ယူလိုပါက ရှေ့နေကြီးများနှင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမှသာလျှင်  ပြန်ပေးနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သတင်းတင်ပြအပ်ပါသည်။  


Post a Comment

0 Comments