Ad Code

စက်သုံးဆီအများအပြားလုယက်ဝယ်နေရခြင်း၏ နောက်ကွယ်.....Seemore

 


မြန်မာနိုင်ငံတွင် (၁၉-၄-၂၀၂၂)ရက်နေ့ ယနေ့မှ စ၍ စက်သုံးဆီဝင်ရောက်မှုကို စကစဘက်က US ၁ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ်စျေးနှုန်းဖြင့်သာ ဝယ်ယူရမည်ဆိုပြီး စတင်ပိတ်ပင်လိုက်ပါတယ်။ 

အမှန်တကယ် ပြင်ပပေါက်စျေး နိုင်ငံခြားငွေ US ၁ဒေါ်လာ မြန်မာငွေ ၂၀၀၀ကျော်ပေါက်နေတာပါ။ ဒါကို သိတဲ့ စကစက နိုင်ငံခြားငွေသုံးစွဲဝင်ရောက်မှုကို ကန့်သတ်ပိတ်ပင်လိုက်သဘောမျိုးသာ ဖြစ်ကြောင်း ပုဂ္ဂလိကလုပ်ငန်းရှင်အချို့က ဆိုကြပါတယ်။ 

ဒါကြောင့် ပြည်တွင်း/ပြည်ပဆီလုပ်ငန်းရှင်တွေလည်း အခက်တွေ့နေကြပါတယ်။ ပြည်ပမှာ ဝယ်ခဲ့တဲ့ ဆီကို ပြည်တွင်းမှာ ဒေါ်လာတန်ဖိုးအတိုင်း မရှိတော့ ပြည်ပဆီလုပ်ငန်းရှင်တွေကနေ ဆီအဝယ်ရပ်ဆိုင်းသွားရပါတော့တယ်။ 

သီလဝါဆိပ်ကမ်းကနေ တင်သွင်းနေသော ဆီများလည်း အကန့်အသတ်ဖြင့် ရောင်းချနေရသောကြောင့် မြို့တွင်း စက်အလုအယက်ဝယ်ယူလာမှုများပြားလာကြောင်း တွေ့ရှိရသည်ဟု ပြည်သူအများက ဆိုကြပါတယ်။

ရန်ကုန်/ မန်းလေးမြို့များတွင်လည်း ဆီများ အလုအယက်ဝယ်ယူမှုများလာခြင်းကြောင်း ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။ 



ရန်ကုန်မြို့ရှိ Denko ဆီဆိုင်မှာတော့ ကားတစ်စီးလျှင် ၅ သောင်းကျပ်ဖိုးအထိသာ ဝယ်ယူရရှိနိုင်ပြီး ကျန် Max တို့ Htoo တို့လို့ဆီဆိုင်ကြီးတွေမှာတော့ ၂သောင်းကျပ်ဖိုးအထိသာ ဝယ်ယူရရှိနိုင်ကြောင်း သတင်းသိရှိရပါတယ်။



Post a Comment

0 Comments