၂၀ ရာစုပိုင်းလောက်က ပေါ့ဂီတလောကကို အချိန်အကြာကြီး စိုးမိုးထားနိုင်ခဲ့ပြီး အကအလှများဖြင့် တင်ဆက် ကာ အသံချိုချိုပိုင်ရှင်တစ်ဦးဆိုလည်း ဖြစ်ပါတယ်။
ပေါ့ဘုရင်မ ဘရစ်နီ စပဲလ်ကို ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အမေရိကန်နိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ ဂီတကို ဝါသနာပါသူပီပီ သီချင်းရေးဆရာ၊ အကသမားအနေဖြင့်လည်း စတင်လုပ်ကိုင်လာခဲ့ပါတယ်။
ပေါ့ဘုရင်မ ဘရစ်နီ စပဲလ်ဟာ သီချင်းအယ်ဘမ်များစွာ ထွက်ရှိခဲ့သလို ကမ္ဘာတစ်ဝှမ်း သန်း ၁၅၀ အထိ ၎င်းရဲ့ အယ်ဘမ်တွေဟာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုလည်း သန်း ၇၀ အထိ ရောင်းအားထိုးတက်ခဲ့ပါတယ်။
ပေါ့ဘုရင်မ ဘရစ်နီ စပဲလ်၏ အောင်မြင်ခဲ့တဲ့ အယ်ဘမ်များစွာ ရှိတဲ့အထဲက Baby One More Time (1999),
Oop'...I Did It Again(2000), Britney(2001), In the Zone( 2003 ), Blackout(2007), Circus(2008), Femme Fatale(2011)တို့ဟာ ၎င်းအောင်မြင်ခဲ့တဲ့ အယ်ဘမ်တွေချည်းပဲ ဖြစ်ပါတယ်။
ပေါ့ဘုရင်မ ဘရစ်နီ စပဲလ်ဟာ နောက်ပိုင်း အိမ်ထောင်ပြုခဲ့ပြီး သား( ၂) ဦးနှင့် ပျော်ရွင်တဲ့မိသားစုကို ပိုင်ဆိုင်ထားသူ တစ်ဦးဆိုလည်း မမှားပါဘူးနော်....
ယခုလည်း အင်စတာဂရမ်တွင် နောက်ထပ်ကိုယ်ဝန်သစ်ကို ရရှိနေပြီကြောင်းကို ဟာသနှော၍ ပရိသတ်တွေ သိအောင် ချပြခဲ့သည်။ အင်တာဂရမ်က သူ၏ ပရိသတ်များလည်း နောက်ထပ်ကိုယ်ဝန်အတွက် ဝမ်းမြောက်ကြောင်း ချီးကျူးဂုဏ်ပြုစာများဖြင့် ဝေဆာလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။
0 Comments