မဟာသင်္ကြန်အကြတ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိရာ ရှေ့တန်းစစ်မြေပြင်ကို သွားရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်၏ ရှေ့တန်းစစ်မြေပြင်တွင် ကွင်းဆင်းနေမှုရုပ်ပုံလွှာတွေကို ချက်ချင်းဆိုသလို တရှိန်ထိုး ဖေဘုတ်မီဒီယာလိုင်းပေါ်မှာ ပျံ့နှံရောက်လာပါတော့တယ်။
ပြည် ထောင်စုဝန်ကြီး ဦးရည်မွန်၏ အခုလို ရုပ်လုံးထွက် စစ်မြေပြင်သို့ ကွင်းဆင်းနေမှုများကို မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများက တခဲနက်အားရဝမ်းသာကြိုဆိုခဲ့ကြပါတယ်။
"တို့ဝန်ကြီး ကျန်းမာပါစေ" "တိုက်ပွဲတိုင်းနိုင်ပါစေ" "တို့ဝန်ကြီးတော့ ထွက်ပြပြီကွ" စသည်ဖြင့် ပြည်သူအနေဖြင့်အားရဝမ်းသာကြိုဆိုလိုက်ကြများကတော့ ဝမ်းသာစရာသတင်းပဲ ဖြစ်ပါတယ်။
ထို့အတူပင် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ယာယီသမ္မတမှလည်း သင်္ကြန်နှစ်သစ်ဆုတောင်းအနေဖြင့် မကြာမှီ လွတ်မြောက်နယ်မြေများကို အပြည့်အ၀ထိန်းချုပ်လာနိုင်တော့မှာဖြစ်ကြောင်း ဝမ်းသာစရာကိုပင် ထပ်မံပြောကြားလာတာသိရတော့ မြန်မာပြည်သူပြည်သားတွေအတွက်တော့ အားရဝမ်းသာစရာ နေ့တစ်နေ့ပဲ ဖြစ်ပါတော့လေသည်။
ထို့နည်းတူပင် တဖက်က မနာလိုတဲ့ မအလဘောမပရိသတ်များကတော့ NUG ဝန်ကြီး ဦးရည်မွန် အခုတော့ Zoom Meetingထဲက ထွက်လာပြီပေါ့လေ ဟန်ပြလုပ်ပြီး ပြန်ဂူအောင်းအုံးမှာ မဟုတ်လား ဆိုပြီး လှောင်ပြောင်သရော်ထိုး မအိပ်နိုင် မစားနိုင် မသောက်နိုင်ရှာတော့ပေ။
မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေရှိဘက်က အစိုးရသာ တစ်နေ့အောင်မြင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတော့လေသတည်း။။။
0 Comments