Ad Code

Blackpinkအဖွဲ့ အောင်မြင်နေတဲ့ အဓိကသော့ချက်က....ဘာလဲ?


 

Jennie, Jisoo, Lisa, နဲ့ Rosé တို့ပါဝင်ကြတဲ့ ကမ္ဘာကျော် K-pop အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်တဲ့ Blackpinkအဖွဲ့ ကို လူတိုင်းမသိသူ မရှိသလောက်ပါပဲနော်....

၂၀၁၆ ခုနှစ်ကတည်းကနေ Blackpinkအဖွဲ့ကို စတင်ဖွဲ့စည်းပြီး square One အယ်ဘမ်ဖြင့် ပွဲဦးထွက်လာခဲ့တဲ့ K-pop အမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်နော်....

Blackpinkအဖွဲ့တွေဟာ "Whistle"နှင့် "Boombayah" သီချင်းတို့ဖြင့် နာမည်ရလာပြီး တောင်ကိုရီးယား၏ Gaon Digital Chart နှင့် Billboard World Digital Song Sale Chartတို့မှာ နံပါတ်တစ်ရရှိခဲ့ကြပါတယ်။



Blackpink အဖွဲ့ဟာ ၂၀၁၈ ခုနှစ်တွင် Ddu-Du Ddu-du သီချင်းဖြင့် Youtubeတွင် လူကြည့်အများဆုံး ဆုဖြင့် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ် Billboard Hot 100စာရင်းတွင် Ice-cream သီချင်းဖြင့် နံပါတ်(၁၃)စာရင်းဝင်ခဲ့ပြီး Billboard 200 စာရင်းတွင် နံပါတ်(၂)နေရာစာရင်းဝင်ခဲ့ပါသည်။ "Kill This Love" "How You Like That" သီချင်းတို့ဖြင့် နာမည်များစွာ ရရှိလာခဲ့တဲ့ အဖွဲ့ဆိုလည်း မှားမယ်မထင်ပါဘူးနော်....



Blackpinkအဖွဲ့ ရဲ့  အောင်မြင်နေတဲ့ အဓိကသော့ချက်က....ဘာဖြစ်မလဲလို့ တွေးကြည့်ကြရအောင်ပေ့ါနော် အဓိကကတော့ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးကြတယ် အပြင်းအထန်ကြိုးစားကြတယ် အောင်မြင်သွားတဲ့ နောက်ပိုင်းလည်း မောက်မာတဲ့စိတ်တွေ မရှိဘူး လူတိုင်းကို ဖော်ဖော်ရွေရွေဆက်ဆံတယ် ဒါတွေဟာ သူတို့ကို အဓိကအောင်မြင်စေတဲ့အကြောင်းအရာတွေပဲဆိုတာ အားလုံးပဲ သိကြမှာပါ....

Blackpinkအဖွဲ့ ရဲ့   Senior/ Junior မခွဲဘဲ ဆက်ဆံတတ်တဲ့ အမူအကျင့်လေးတွေကို ပရိသတ်တွေ ကြည့်ရှုနိုင်အောင် အောက်မှာ ဗီဒီယိုလေးထည့်ပေးထားပါတယ်နော် ကြည့်လိုက်ကြပါ...အားလုံးပဲ သင်္ကြန်မှာ ပျော်ရွင်ကြပါစေ.....

https://www.youtube.com/watch?v=b0XJKPFe6FE



Post a Comment

0 Comments