Ad Code

ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကူအညီပေးတော့မယ့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင်

 ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကူအညီပေးတော့မယ့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင် 



ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင်သည် ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်စကီး၏ ဖိတ်ကြားမှုကြောင့် ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေပြီး ယူကရိန်းသမ္မတနှင့် တွေ့ဆုံကာ လက်တွေ့မြေပြင်တွင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများ စတင်ပေးအပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၉)ရက်နေ့တွင် ပြောကြားလိုက်သည်။



ယူကရိန်းနိုင်ငံ၏ ရုန်းကန်ခက်ခဲနေမှုများကို စာနာကြောင်း၊ တိုင်းပြည်အတွက် အသက်ပေးဆောင်ရွက်နေကြသူများကို လေးစားဂုဏ်ယူမိကြောင်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင်မှ ဆက်လက်ပြောကြားခဲ့သည်။ လိုအပ်သော အကူအညီအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။



လူပေါင်း ၅၂ ဦးထက်မနည်းသေဆုံးခဲ့ရသည့် Kramatorsk အရှေ့ပိုင်းရှိ ယူကရိန်းရထားဘူတာရုံတစ်ခုအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်အများအပြားက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ရုရှားနိုင်ငံအပေါ် EU မှ အရေးပိတ်ဆို့မှုများ ပြုလုပ်ထားကြောင်း တွေ့ဆုံဆွေးနွေးပွဲတွင် ဗြိတိန်ဝန်ကြီးချုပ်မှ ရှင်းပြခဲ့သည်။

ယူကရိန်းသမ္မတ ဗလိုဒီမာ ဇလန်စကီးမှလည်း ရုရှားနိုင်ငံအပေါ် ရေနံကုန်သွယ်ရောင်းချနေမှုများကို အမြန်ဆုံးပိတ်ပင်သင့်ကြောင်း ပြောဆိုထားသည်။

Post a Comment

0 Comments