Ad Code

ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့ ပူတင်ရဲ့ သောက

ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်နေတဲ့ ပူတင်သောက

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မသိသူ မရှိလောက်ပဲ လို့ ထင်ပါတယ်ဗျာ...မျက်နှာထားက ခပ်ထန်ထန် ခပ်အေးအေးပုံစံရှိပေမယ့် အတွင်းစိတ်ထဲမှာတော့ တစ်ပါးသူတွေအပေါ် အလိုမကျတဲ့ ပုံစံမျက်နှာထားလို့ပဲ ဆိုပါတော့ဗျာ....ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲမှာ စုံစမ်းထောက်လှမ်းရေးအနေဖြင့် နှစ်တွေအတော်ကြာ အမှုထမ်းခဲ့ပြီးမှ သမ္မတရာထူးကို ဆက်ခံခဲ့သူပီပီ ဘယ်တစ်ဦးတစ်ယောက်ကိုမှ သံသယမျက်လုံးနဲ့ ကြည့်နေတတ်သူဆိုလည်း မှားမယ် မထင်ပါဘူး.....

ရုရှား-ယူကရိန်းစစ်ပွဲကို  ယူကရိန်းမှ နေတိုးတပ်ဖွဲ့ဝင်ထဲ အဖွဲ့ဝင်သစ်အနေဖြင့် ဆောင်ရွက်လာမှုကြောင့်ဟု အကြောင်းပြပြီး ယူကရိန်းနိုင်ငံကို စစ်တင်ကျူးကျော်စစ်ပွဲ ဖန်တီးခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး.....အမှန်တကယ်တော့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းနိုင်ငံသည် အရင်က ဆိုဗစ်ယက်ပြည်ထောင်စုနိုင်ငံကနေ  ခွဲထွက်သွားတဲ့နိုင်ငံငယ်ဖြစ်တဲ့အတွက် ရုရှားနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းဟု ထင်မှတ်ထားပုံ ရပါတယ်။ ဒီအတွက်ကြောင့်လည်း စစ်ကျူးကျော်တိုက်ခိုက်တာလည်း ပါချင်ပါမှာ ကျိန်းသေပါတယ်။

ယခု ရုရှားသမ္မတ ဗလာဒီမာပူတင်မှာ ယူကရိန်းနိုင်ငံကို ကျူးကျော်လိုက်သည့် ကိစ္စတွေကြောင့် အပူတွေ  တစ်ပူပေါ်တစ်ပူဆင့် ဆိုသလိုပေါ့ဗျာ ရတက်မအေးနိုင်ရှာပါဘူး...

ယခုလည်း ပူတင်ဟာ အမေရိကန်အနေဖြင့် ယူကရိန်းနိုင်ငံကို ပံပိုးကူညီနေတာဟာ တစ်ပါးသူနိုင်ငံ၏ နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေသလိုဖြစ်နေကြောင်း ယူကရိန်း-ရုရှားကို ပိုပြီး ရန်တိုက်ပေးနေသလို ဖြစ်နေကြောင်း မှတ်ချက်ခဲ့ပါတယ်။ ဆက်လက်ကူညီနေပါက အမေရိကန်နိုင်ငံကိုလည်း တစ်ခုခုတုံပြန်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

  

Post a Comment

0 Comments