ဂျင်နီဖာလိုပက်စ်၊ ဘမ်အဖတ်စ်နှင့် အီမာဟာနန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း
ဟောလိ၀ုဒ် ဒိတ်ဒိတ်ကျဲတေးရေးနှင့် အဆိုတော် ဂျင်နီဖာလိုပက်စ်ကို ကမ္ဘာရော မြန်မာကပါ မကျန် မသိသူ မရှိသလောက်ပင် ဖြစ်ပါသည်။
တေးသီချင်းကောင်းတွေနဲ့ ယခုအချိန်ထိ အောင်မြင်နေသော အဆိုတော်ဆိုလည်း မမှားပါဘူး။ အကပိုင်းမှာရော အဆိုပိုင်းမှာရော ပိုင်နိုင်ကျွမ်းကျင်သူဖြစ်ပြီး သွယ်လျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ချောမောလှပတဲ့ အဆိုတော်တစ်ဦးဆိုလည်း မမှားပါဘူးဗျာ။
ယခုလက်ရှိ သူမဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ခံစားမှု ရှိနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးကတော့ ဒီလိုပါ လက်ရှိသူမနဲ့ ချစ်ကြိုက်ပြီး တွဲနေတဲ့ သူကတော့ အခြားတော့ မဟုတ်ပါဘူး။ Betman ဇာတ်ကားရဲ့ ဇာတ်ကောင် Betman နေရာကို သရုပ်ဆောင်ထားတဲ့ မင်းသား ဘမ်အဖတ်စ်ပဲ ဖြစ်ပါတယ်။
မင်းသား ဘမ်အဖတ်စ်နဲ့ ဂျင်နီဖာလိုပက်စ်ဟာ နှစ်ဦးသဘောတူစေ့စပ်ထားပြီး မကြာခင်မှာ လက်ထပ်ကြဖို့အထိ စီစဉ်ထားကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခုလက်ရှိမှာ မင်းသား ဘမ်အဖတ်စ်ရဲ့ ရှုပ်ပွေလှတဲ့ အချစ်ရေးကိစ္စကြောင့် စေ့စပ်ပွဲကိုလည်း ပယ်ဖျယ်ထားကြပါတယ်။
အကြောင်းကတော့ ဒီလိုပါ... မင်းသား ဘမ်အဖတ်စ်ဟာ Netflix ရဲ့ အကျော်ကြားဆုံး အိမ်ခြံမြေအကျိုးဆောင်အေးဂျင့်တစ်ဦးလည်းဖြစ် အိုလံပစ်ရေကူးချန်ပီယံအလှမယ် အီမာဟာနန်နဲ့ Rayဆိုတဲ့ Dating App ကနေ တွေ့ဆုံချစ်ကြိုက်ခဲ့ကြပြီး သူမကို မင်းသားဟာ အပြင်မှာ ကော်ဖီအတူသောက်ဖို့အထိတောင် ချိန်းတွေ့ကြဖို့ ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အီမာဟာနန်အနေဖြင့် ဂျင်နီဖာလိုပက်စ်နှင့် အရှုပ်အရှင်းမပြီးမချင်း အပြင်မှာ တွေ့ဖို့ မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပါတယ်။ ဒါကို သိသွားတဲ့ ဂျင်နီဖာလိုပက်စ်ဟာလည်း မင်းသားနဲ့ အဆက်အသွယ်တွေ အားလုံးဖြတ်ပြီး တစ်ဦးတည်း အချစ်ရေးကို ဖြတ်သန်းနေရှာတုန်းပဲ ဆိုတာကို ပရိသတ်တွေ သိအောင် တင်ပြပေးလိုက်ပါတယ်နော်။
0 Comments