"ငါ့နေရာ" "ရပါတယ်ထွက်သွားပါ" "လွမ်းလွန်းလို့ သေနိုင်တယ်" "'ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်" စသည်ဖြင့် သီချင်းပေါင်းမြောက်မြားစွာနဲ့ အောင်မြင်လာခဲ့သူ အဆိုတော်တစ်ဦးဆိုလည်း မမှားပါဘူးဗျာ
အဆိုတော် ရဲရင့်အောင်ဟာ ယခုအချိန်ထိလည်း အောင်မြင်နေဆဲအဆိုတော်တစ်ဦးပါ။ ချိုသာပြီး ထူးခြားတဲ့ အသံရှိတာကြောင့် ကလေးရော လူကြီးပါမကျန် သူ့သီချင်းကို နားထောင်ကြတဲ့အထိ အောင်မြင်ခဲ့သူတစ်ဦးပါ။
ယခု အဆိုတော် ရဲရင့်အောင်ရဲ့ အချစ်ရေးက လူမသိ သူမသိ ခပ်အေးစိမ့်စိမ့်ဖြစ်နေဆဲပေါ့နော်။ ယခင် မော်ဒယ် သရုပ်ဆောင် အေးငြိမ်းဖြူနဲ့ တွဲခဲ့ပြီး ကြားမှာ ကာလအခိုက်အတန့်ကြာ ပြတ်ဆဲပြီ ဖြစ်ကြောင်း တင်ခဲ့ကြပါတယ်။
ယခုအချိန်တော့ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ သို့လော သို့လောနဲ့ ပြန်လည်အဆင်ပြေနေကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်မင်တော့ သူတို့နှစ်ဦးကို တကယ်သဘောတူတာပါ။ တကယ်ကို လိုက်ဖက်အားကျရလောက်တဲ့အတွဲ တစ်တွဲဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်နော်။
0 Comments