ပုရိသယောင်္ကျားလေးတွေရဲ့ ပါးစပ်ဖျားပေါ်မှာ ရေပန်းစားနေတဲ့ မော်ဒယ် သရုပ်ဆောင် အေးသောင်းကို မြန်မာတနိုင်ငံလုံးက အရွယ်ရောက်ပြီးသား ယောင်္ကျားလေးတွေအကုန်လုံးသိတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။
အမြဲတမ်းပြုံးနေတတ်တဲ့ မျက်နှာအမူအရာကို ပိုင်ဆိုင်ထားပြီး ကိုယ်လုံးကိုယ်ပေါက်ကရော ပုရိသယောင်္ကျားလေးတွေအကြိုက်ပဲ ဖြစ်ပါတယ်။
မော်ဒယ် သရုပ်ဆောင် အေးသောင်းဟာ မော်ဒယ်အလုပ်ကို စလုပ်လာခဲ့တာတော့ကြာပါပြီ ရုပ်ရှင်ဇာတ်ကားတွေ ဇာတ်လမ်းတွဲတွေမှာရော ယခုနောက်ပိုင်း ခေါင်းဆောင်မင်းသမီးအနေနဲ့ပါ အောင်မြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။
အောင်မြင်မှုကို အချိန်အကြာကြီး ထိန်းထားနိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားနိုင်ပါဘူး။
ယခုလက်ရှိတော့ မအေးသောင်းလည်း ဘယ်လိုစိတ်ကူးပေါက်မှန်း မသိတော့ပါဘူး။ ပုရိသယောင်္ကျားလေးတွေရဲ့ အသည်းကို အတုံးလိုက် အတစ်လိုက် စခွဲလိုက်ပြီပဲ ဖြစ်ပါတယ်။
အကြောင်းကတော့ မကြာခင် သူချစ်ရသူနဲ့ ရွှေလက်တွဲတော့မယ်ဆိုတဲ့ သတင်းနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူနဲ့ အတူတူရိုက်ထားတဲ့ Couple ပုံလေးတွေ မျှဝေလာတာကို ပရိသတ်တွေ သိအောင် တင်ပေးလိုက်ပါတယ်နော်။
0 Comments