Ad Code

တကျော့ပြန် အောင်မြင်မှုတွေ သိမ်းပိုက်လာတဲ့ PSY ၏ သီချင်း ဘာဖြစ်မလဲ?

 



Gangnam Style ဖြင့် လူသိများလာခဲ့သော တောင်ကိုးရီးယား အဆိုတော်၊ ရက်ပ်ပါ၊တေးရေးဆရာ၊ တေးထုတ်လုပ်သူ PSY ကို ကမ္ဘာ့အနှံ့အပြားက ပရိသတ်တွေ မသိသူ မရှိသလောက်ပင် ဖြစ်သည်။ 

သူရဲ့ အောင်မြင်မှုက ကြောက်ခမန်းလိလိကို ဖြစ်ခဲ့သည်အထိ အောင်မြင်ကျော်ကြားလာခဲ့သူဆိုလည်း မမှားပေ။



၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် PSY ၏ Gangnam Style သီချင်းကို Youtubeတွင် ကြည့်ရှုသူ (၄)ဘီလီယံလောက်အထိ မြင့်တက်လာခဲ့ည်။

PSY ၏ ဆက်လက်အောင်မြင်ခဲ့တဲ့ သီချင်းများကတော့  Gentlement နဲ့ Hangover သီချင်းတွေပဲ ဖြစ်ပါတယ်။



၂၀၁၆ ခုနှစ် ၂၀၂၁ ခုနှစ်အထိ ကြားမှာ PSY ၏ အောင်မြင်မှုက အနည်းငယ်မှေးမိန်းသွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာတော့  PSY ၏ အသစ်ထွက်ရှိလာတဲ့ That That သီချင်းသစ်နဲ့ ပြန်လည်တကျော့ပြန် အောင်မြင်မှုတွေ သိမ်းပိုက်လာခဲ့ပြန်ပါတယ်။ 


၎င်းသီချင်းသစ်ထဲမှာ ကိုးရီးယားလူငယ်အဆိုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS Boy Band ထဲက sugar နဲ့ အတူတွဲဆိုကခဲ့တဲ့ သီချင်းပုံစံနဲ့ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

PSY ၏ အောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက်နိုင်မလားဆိုတာကို အောက်က video လေးကို ကြည့်ပြီး ဆုံးဖြတ်လိုက်ကြရအောင်

Post a Comment

0 Comments