Ad Code

ဆင်တူယိုးမှား ကူးယူသည်ဟု ဆိုကာ League of Legends မှ Mobile Legends ကုမ္ပဏီဖြစ်တဲ့ Moonton ကို တရားစွဲ

 

League of Legends နှင့် Mobile Legend သည် ရှန်ဟိုင်းတရုတ်စီးပွားရေးလုပ်ငန်းရှင်များပိုင်ဆိုင်သည့်​ ဂိမ်းကုမ္ပဏီများပင် ဖြစ်သည်။ 

League of Legends ရဲ့  Developerဖြစ်သူ  Riot သည် ၎င်းကိုယ်တိုင် တီထွင်ထားသော  League of Legends ၏ ဗားရှင်းဖြစ်သော Wild Rift ဗားရှင်းဂိမ်းကို hero ပုံစံကစ မြေပုံအနေထားပါ အကုန်ကူးယူသည်ဟု ဆိုကာ မနေ့ညက ရက်စွဲဖြစ်တဲ့ (၁၀-၅-၂၀၂၂)ရက်စွဲဖြင့် Mobile Legends ၏ developer ဖြစ်သော ByteDance Ltd. ၏ Shanghai Moonton Technology ကုမ္ပဏီကို ကယ်လီဖိုးနီးယားခရိုင်တွင် တရားစွဲဆိုလိုက်ပါတယ်။

ဆက်လက်၍ League of Legends ရဲ့  Developerဖြစ်သူ  Riot သည် ကယ်လီဖိုးနီးယားခရိုင်အတွင်း တရားစွဲဆိုမှုတွင် Tencent ပိုင် developer မှ ယခု TikTok ၏ မိခင်ကုမ္ပဏီမှ ပိုင်ဆိုင်သည့် Moonton သည် LoL နှင့် Mobile Legends အတွက် ၎င်း၏ အခြား spinoff ဂိမ်းများကို ကော်ပီကူးယူနေဆဲဖြစ်ကြောင်း ဆက်လက်စွပ်စွဲခဲ့သည်။

ကဲဒီလိုဆိုတော့ နောက်ပိုင်း ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ....Mobile Legendsပဲ နိုင်သွားမှာလား....League of Legends ပဲ နိုင်သွားမှာလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း.....




Post a Comment

0 Comments