Ad Code

သီချင်းတင်ပြီး (၄)နာရီအတွင်း ITune ရဲ့ Top 1 ဇယားထိပ်ကိုရောက်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် ဂျေမင်းရဲ့ သီချင်းသစ်

 


Kpop Boy Band အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့လို့ ပြောလိုက်ရင် မြန်မာကရော ကမ္ဘာကပါ မသိသူ မရှိသလောက်ပါပဲနော်။ 

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဟာ ဆိုရင်ဖြင့် ကိုရီးယားနိုင်ငံသာမက အနောက်ဥရောပနိုင်ငံအထိပါ အောင်မြင်ကျော်ကြားတဲ့ Kpop Boy Band အဖွဲ့ပဲ ဖြစ်ပါတယ်။


၂၀၁၀ ခုနှစ်လောက်ကနေ စတင်လာခဲ့တဲ့  BTS အဖွဲ့ဟာ ဆိုရင်ဖြင့် သူတို့ရဲ့ သီချင်းအပေါ်ထားတဲ့ ရူးသွပ်မှု၊ ကြိုးစားအားထုတ်မှု၊ အဖွဲ့လိုက်စုစည်းအားကောင်းမှုတွေကြောင့် အောင်မြင်လာခဲ့တဲ့  Kpop Boy Band အဖွဲ့ပဲ ဖြစ်ပါတယ်။ 


ယခုလည်း  BTS အဖွဲ့ထဲက ဂျေမင်းတစ်ယောက်ကတော့ လက်သစ်အဆိုတော် ဟာဆွန်၀န်းနဲ့ တွဲပြီး သီချင်းကောင်းလေးတစ်ပုဒ်ကို ဖန်တီးလိုက်ပြန်ပါပြီ။ သီချင်းနာမည်ကတော့ With You လို့ အမည်ရပြီး "မင်းနဲ့ ဘယ်တော့မှ မခွဲဘူး"ဆိုတဲ့ စာသားနဲ့ နားဆင်သူပရိသတ်တွေကို ရသတစ်မျိုးပေးစွမ်းထားတာကိုတော့ တွေ့ရှိကြရမှာပဲ ဖြစ်ပါတယ်။


သီချင်းတင်ပြီး (၄)နာရီအတွင်းမှာ ITune ရဲ့ Top 1 ဇယားထိပ်ကိုရောက်ရှိခဲ့သည့်အပြင် Youtubeနဲ့  Twitterမှာ ကြည့်ရှုမှု စံချိန်တင်နေပါတယ်။ ကဲ သီချင်းလေးကို နားထောင်ကြည့်ရအောင်


Post a Comment

0 Comments