Ad Code

BigBang အဖွဲ့ ရဲ့ Come Back ပြန်လာပါပြီနော် ဘာသီချင်းဖြစ်မလဲ.....seemore



 တောင်ကိုးရီးယား စူပါစတား Big Bang ဟာ Come Back သီချင်းဖြစ်တဲ့ ​​“Still Life” ဆိုတဲ့ သီချင်းအသစ်နဲ့ ပြန်လည်ရောက်ရှိလာပါပြီနော်။ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အတိုင်းပါပဲ သီချင်းလေးက တစ်ကယ့်ကို BigBang အဖွဲ့ ရဲ့ အငွေ့အသက်လေးတွေကို ခံစားစေရမှာ အမှန်ပါပဲဗျာ......



Big Bang အဖွဲ့ဟာ 2006 ခုနှစ်ကတည်းကစပြီး ပွဲဦးထွက်လာခဲ့ပြီး အချိန်ခဏလေးအတွင်းမှာပဲ ကိုးရီးယားဂီတဇယား၏ ထိပ်ဆုံးသို့ တက်လာကာ နိုင်ငံ၏ အယ်ဘမ်အရောင်းရဆုံး ယောက်ျားလေးအဖွဲ့တစ်ခုဖြစ်လာခဲ့ပါသည်။



အာရှဂီတဆုပေးပွဲများတွင် တစ်နှစ်တာအကောင်းဆုံးအနုပညာရှင်၊ တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်နှင့် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခံခဲ့ရပြီး 2010 ခုနှစ်အစောပိုင်းတွင် ၎င်းတို့၏အောင်မြင်မှုသည် US သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး 2015 ခုနှစ်တွင် Big Bang သည် MADE ကို ထုတ်ဝေခဲ့သည်အထိ အောင်မြင်ခဲ့သော Kpop Boy Band အဖွဲ့ဟုဆိုလျှင် မှားမည် မထင်ပါ။

နောက်ပိုင်းတွင် Big Bang အဖွဲ့ဝင်တစ်ချို့ စစ်မှုထမ်းခဲ့ရပြီး အဖွဲ့ ထဲမှ TOP ဟာ ဆေးခြောက်အဖမ်းခံရမှုနဲ့ ထောင်ချခံခဲ့ရပြီး Seungri လေးကတော့ မိန်းခလေးတစ်ချို့ကို ပြည့်တန်ဆာလုပ်ခိုင်းခံခဲ့ရမှုနဲ့ တရားစွဲ အဖမ်းခံနေရဆဲပါပဲ ဖြစ်ပါတယ်....Taeyang ကတော့ သူအချစ်ဆုံးကောင်မလေးနဲ့ လက်ထပ်ခဲ့ပြီး သားလေးတစ်ဦး မွေးဖွားထားတယ်လို့ သိရှိရပါတယ်နော်.....

ယခုအချိန်မှာတော့ G-Dragon၊ T.O.P၊ Taeyang နဲ့ Daesung တို့ရဲ့ ComeBack သီချင်းနဲ့ ဂီတကို ပြန်လည်လှုပ်ရှားနေပြီပဲ ဖြစ်ပါတယ်....

ကဲ Big Bang အဖွဲ့ရဲ့ ComeBack သီချင်းကို အခုပဲ အောက်မှာ နားထောင်နိုင်ပါပြီနော်.....




Post a Comment

0 Comments