မြစ်ကြီးနားမြို့အတွင်း သင်္ကြန်များ မပြုလုပ်ရန် လိုက်လံစာကပ်
https://www.youtube.com/channel/UCWg6K4BCf5co58ncq65cK0g
၂၀၂၁ ဧပြီလတွင် ကျရောက်မည့် မဟာတန်ခူးသင်္ကြန်ကာလအတွင်း သင်္ကြန်ပွဲများ ပျော်ပွဲရွင်ပွဲများ မပြုလုပ်ရန် သတိပေးစာစောင်များ နေရာအနှံ လူငယ်များက လိုက်လံစာကပ်ဖြန့်ဝေခဲ့ကြသည်။ ထိုအထဲတွင် မြစ်ကြီးနားမြို့မှ လူငယ်များလည်း တတတ်တအားပါဝင်ခဲ့ကြသည်။
ယခုမြန်မာနိုင်ငံ၏ အခြေအနေမှာ ပျက်စီးယိုယွင်းလျက်ရှိပြီး စစ်အာဏာရှင်များကို တိုက်ထုတ်တွန်းလှန်ရင်း ကျဆုံးခဲ့ကြသော မြန်မာ့သူရဲကောင်းများ၏ မျက်နှာကို ငဲ့ငှာသောအားဖြင့် မြစ်ကြီးနားမြို့အတွင်း သင်္ကြန်ရက်များနှင့် နှစ်သစ်ကူးပွဲတော်ကျင်းပရာတွင် ပျော်ပွဲရွှင်ပွဲမပြုလုပ်ရန် သတိပေးနှိုးဆော်သည့်စာများ လိုက်လံကပ်ရှိထားကြောင်း သတင်းရရှိပါသည်။
0 Comments