တာရိုးကျိုးကျပြီး မြစ်ရေများ ဝင်ရောက်နေမှုအခြေအနေ
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် မန္တလေးတိုင်း အမရပူရမြို့နယ်၊ ရွှေကြက်ယက်ဘုရားအနီး ရွှေဂဲရေဆိုးစွန့် စက်ရုံအနီးမှာရှိတဲ့ မြို့ပတ်လမ်း တာရိုးကျိုးကျပြီး မြစ်ရေများ ဝင်ရောက် စီးဆင်းမှုကြောင့် ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရပါတယ်။
မြေသားတမံမခိုင်ခန့်မှုကြောင့် ပြိုကျကာ မြစ်ရေများ စီးဝင်လာရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။
မြစ်ရေများ မြေနိမ့်ပိုင်းဒေသများသို့ ဆက်လက်စီးဝင်နေကြောင်း သိရှိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များဖြင့် ဆက်လက်ဆောင်ရွက်နေကြကြောင်း သတင်းရရှိပါသည်။

0 Comments