Ad Code

လိမ်ညာမှုကြောင့် လမ်းခွဲခဲ့တဲ့ မယ်လိုဒီ




မယ် လိုဒီဟာ ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲလိုက်ပြီ ဆိုတာ ပရိသတ်တွေ အားလုံး သိရှိပြီး ဖြစ်ကြမှာ ဖြစ်သလို ရုတ်တရက် အသိပေးလိုက်တဲ့ သတင်းလေးကြောင့်လည်း ပရိသတ်တွေ အံ့အားသင့်စေပြီး စိတ်မကောင်းဖြစ်ခဲ့မှာပါနော်..။ပရိသတ်အချစ်တော်လေး မယ်လိုဒီကတော့ လတ်တ
လောမှာ အေးဆေး တည်ငြိမ်နေပြီး ကွာရှင်းပြတ်စဲလိုက်တဲ့ အကြောင်းအရင်းလေးနဲ့ သူမရဲ့ လက်ရှိအခြေအနေလေးကို ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။ “ကျွန်မယောက္ခမ ကမ္ဘာပေါ်မှာ
ကျွန်မအပေါ် နားလည်ပေးနိုင်ဆုံးပါ အတိတ်ဘဝက အမေလို့တောင် တင်စားထားတဲ့ မေမေပါ ဘယ်လိုအနေအထားဖြစ်ဖြစ် ခံစားချက်ထပ်တူကျတဲ့မေမေပါ ကျွန်မကိုသမီးအရင်းလို ချစ်တဲ့မေမေပါ အမြဲတမ်း အမေလိုမျိုးချစ်သွားမှာပါ ကိုသာကောင်း မူးယစ်ဆေးဝါးကင်းရှင်းလောင်းကစားကင်းရှင်း မိန်းမ ကိစ္စကင်းရှင်း သူတစ်ယောက်တည်းဆို သူ့ဘဝက ပိုသာယာပါလိမ့်မယ် စိတ်ပုတ် စိတ်ယုတ် မရှိပါဘူးအပေါင်းအသင်းအပေါ်တော့ အလွန်တရာအားနာတတ်ပြီး မိသားစုထက် ပိုချစ်တယ် ထင်ရအောင် သိတတ်သူပါ မတူညီမူများစွာနဲ့ ညှိမရလို့ အကြင်လင်မယားဘဝကနေ အရင်လို သူငယ်ချင်းဘဝကို ပြန်သွားလိုက်တာပါ မိတ်ပျက်ပြီး ရန်သူဖြစ်စရာအကြောင်း ဘယ်တော့မှရှိလာမှာ မဟုတ်ဘူး..” ဆိုပြီး ကွာရှင်းပြတ်စဲလိုက်တဲ့ အကြောင်းလေးကို ပြောပြထားတာပါ..။ ခင်ပွန်းဖြစ်သူ နဲ့ တရားဝင်ကွာရှင်းပြတ်စဲလိုက်ပြီး သားလေးကိုတော့ သူမခေါ်ထားကာ တစ်ပတ်တစ်ရက်တော့ ဖခင်နဲ့ ပေးအိပ်ပြီး ခင်ပွန်းဟောင်းနဲ့ သူမတို့ကြားမှာ ချစ်ခြင်း မုန်းခြင်း အငြိုးအတေးတွေ ဘာမှမရှိတဲ့အတွက် ထူးခြားဆန်းပြားတဲ့ သတင်းလည်း မရှိပါဘူးဆိုပြီး မေမေမျိုးက ပြောပြထားတာဖြစ်ပါတယ်နော်..။ မယ်လိုဒီ ကတော့ သူမဟာ စိတ်လေစိတ်ကစားပြီး မှားရမယ့်အရွယ်မဟုတ်ဘဲ အကြိမ်ကြိမ် အခါခါ လပေါင်းများစွာ စဉ်းစားဆုံးဖြတ်ခဲ့တဲ့ ကိစ္စမို့ သူမအနေနဲ့ လက်ရှိမှာ တည်ငြိမ်နေပြီဖြစ်တဲ့အကြောင်းနဲ့ လတ်တလောမှာ အိမ်မှုကိစ္စတွေနဲ့ သားလေးစာဖတ်ဖို့ ကျောင်း ကိစ္စပဲ လုပ်နေပြီး ကျန်တာတွေမတွေးအားဘူးဆိုပြီးတော့လည်း ပြောပြထားသလို သားလေးနဲ့ သူမအတွက် စိတ်ပူပေးကြသူတွေကိုလည်း ကျေးဇူးတင်စကားလေး ဆိုထားပါသေးတယ်နော်..။ ပရိသတ်တွေနဲ့ ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေတွေကလည်း စိတ်မကောင်း ဖြစ်ကြသလို ရဲရင့်ပြတ်သားပြီး တည်ငြိမ်ရင့်ကျက်နေပြီဖြစ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးကိုလည်း ချီးကျူးစကားလေးတွေလည်း ဆိုထားကြပါတယ်နော်..။

Post a Comment

0 Comments